12/24/2013

My Talking Tom

 

နာမည်ကြီး လူကြိုက်များတဲ့ Talking Tom ကို အဆင့်မြှင့်ထားတဲ့ ..
နောက်ဆုံးထွက် Version ပါ။ အရင် Version တွေနဲ့ မတူတော့ပါဘူး။
Game အဖြစ်ဆော့နိုင်သလို Talking အဖြစ်နဲ့လဲ ကလိလို့ရပါတယ်။
ဇာတ်လမ်းသွားဖြစ်သွားပါပြီ။ ကြောင်ကလေး Tom ရဲ့ ငယ်ဘ၀ကနေ
စတင်ပြီး ဆော့ရမှာဖြစ်ပါတယ်။ အစာကျွေးရမယ်၊ သူ့ကို ချော့မြူရမယ်။
အညစ်ကြေးစွန့်ဖို့ထိပါ ကူညီပေးရပါမယ်။ အိပ်ယာဝင်တဲ့အခါလည်း
ကူညီပေးပါရပါဦးမယ်။ တော်တော်လေး လန်းသွားပါတယ်။
Level များ သတ်မှတ်ထားပြီး မိမိ level မြင့်လာတိုင်း Tom ဟာ ..
တစ်ဖြည်းဖြည်း အသက်ကြီးလာပါမယ်။ mini game တွေကလဲ ..
အတော်လေး ဆော့ကောင်းပါတယ်။ mini game များ ဆော့ပြီး ..
Coins များကို ရှာဖွေရမှာဖြစ်သလို Coins များဖြင့် Tom ရဲ့ ဒီဇိုင်း၊
သွင်ပြင်များကို ၀ယ်ယူ အလှဆင်နိုင်မှာဖြစ်ပါတယ်။ 3D ရုပ်ထွက်ဖြစ်ပြီး
Graphic တွေက ချစ်စရာကောင်းအောင် ဖန်တီးထားတာ တွေ့ရတယ်။
ကလေးရော လူကြီးပါ ဆော့နိုင်တဲ့ ဂိမ်းအလန်းလေး တစ်ခုဖြစ်ပါတယ်။
ကဲ .. ဘေဘီလေး Tom ကို ချာတိတ်ကြီး Tom ဖြစ်လာတဲ့အထိ ..
တာဝန်ယူလိုက်ကြစို့လား ;D .. 2.3 နှင့်အထက်တွင် ကစားနိုင်ပါတယ်။

Note -
အခုတင်လိုက်တာက Coins ခိုးပြီးသားလေးဗျ။ ဒီတော့ Tom အတွက် ဦးထုပ်၊ မျက်မှန်၊ body art များကို Level မြင့်လာရင် စိတ်တိုင်းကြ
ဝယ်ယူပြီး အလှဆင်နိုင်သွားပါပြီ။ ပထမဆုံးဆော့တဲ့အခါ Tom ဟာ
အင်အင်း မပါရလို့ မျက်စိပျက် မျက်နှာပျက်ဖြစ်နေပြီး ဘာမှ ခိုင်းလို့မရဖြစ်နေပါမယ်။ သူ့ကို အင်အင်း ပါခိုင်းလိုက်ပါ။ အိမ်သာထဲမှာ အားရပါးရ ဗုန်းကျဲပါလိမ့်မယ်။ ဒါဆို ရှေ့ဆက်ပြီးဆော့လို့ရသွားပါမယ်
                                                                (Download-1)
                                                                (Download-2)
အခုလိုကြည့်ရှုပေးတာ kogyi htet ဘလော့လေးမှ အထူးကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့  ဒေါင်းရအဆင်ပြေအောင် တိုက်ရိုက်လင့်များသာ ချိတ်ဆက်ပေးထားတာမို့  အဆင်ပြေသွားခဲ့လျှင် မြန်မာကြော်ငြာလေးများ အပြင်းပြေကြည့်ပြီး ကူညီပေးကျပါ..... အမြဲကျေးဇူးတင်စွာဖြင့်...... Kogyi htet

0 comments:

Post a Comment

>>မိတ်ဆွေရဲ့ အမြင်<<